• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့လုံခြုံရေးဥပဒေကျင့်သုံးမှုပူးပေါင်းဆောင်ရွက်ရေးကိုယ်စားလှယ်အဖွဲ့အီရန်သို့ခရီဒလှည့်လည်

(GMT+08:00) 2017-03-16 10:59:43

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လျောင်ဂျင်ရုံသည် ၁၂ ရက်နေ့မှ ၁၄ရက်နေ့အထိ တရုတ်ပြည်သူ့လုံခြုံရေး ဥပဒေကျင့်သုံးမှု ပူးပေါင်းဆောင်ရွက်ရေးကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ပြီး အီရန်နိုင်ငံသို့ တရားဝင်ခရီးလှည်လည်ခဲ့ကြောင်း စီအာအိုင်မှ သတင်းအရသိရပါသည်။

ခရီးလှည့်လည်စဉ်အတောအတွင်း လျောင်ဂျင်ရုံက အီရန်ပြည်ထဲရေးဝန်ကြီး  ဌာန၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နှင့် ထောက်လှမ်းရေးဝန်ကြီးဌာနမှ အရာရှိများနှင့် အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဥပဒေကျင့်သုံးမှုလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးဆိုင်ရာ သဘောတူညီမှုကို ဖော်ဆောင်ရန်၊ အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုကို  တိုက်ဖျက်ရန်၊ အီရန်နိုင်ငံတွင် တရုတ်လုပ်ငန်းကုမ္ပဏီများနှင့်တရုတ်အနွယ်ဖွားများ၏တရားဝင်အခွင့်အရေးကို ထိန်းသိမ်း ကာကွယ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

   Webradio