• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားပြဿနာဆိုင်ရာ ပူးတွဲဆောင်ရွက်ရေးအဖွဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-03-15 12:26:55

ဆီးရီးယားပြဿနာဆိုင်ရာ ပူးတွဲဆောင်ရွက်ရေးအဖွဲ့ တတိယအကြိမ် အစည်းအဝေး ကို မတ်လ ၁၄ရက်နေ့က ကာဇက်စတန်နိုင်ငံ အာစတာနာမြို့တော်၌ ကျင်းပခဲ့ကြောင်း၊ ဆီးရီးယား အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့သည် ယင်းအစည်းအဝေး သို့ မတက်ရောက်ခဲ့ကြောင်း၊ တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ယခုအကြိမ်အစည်းအဝေးတွင် စစ်သုံ့ပန်းလဲလှယ်ရေး သတင်း အချက်အလက် လုပ်ငန်းအဖွဲ့ကို ထူထောင်ရေးပုဒ်မများ၊ ကုလသမဂ္ဂ၏ ထိန်းသိမ်းစောင့်ရှောက်ဖြင့် လူသားချင်း စာနာထောက်ထားရေး မိုင်းရှင်းမှုပြုလုပ်ခြင်း နှင့် အခြား အရေးကြီး စစ်ရေး ပြဿနာများနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း၊ ကာဇက်စတန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါသည်။

   Webradio