• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကြောင့် သြစတြေးလျ အလုပ်အကိုင်နေရာတိုးများ

(GMT+08:00) 2017-03-15 12:26:33

သြစတြေးလျနှင့်တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက် နေကြောင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကြောင့် သြစတြေးလျ၏ အလုပ်အကိုင် နေရာ တိုးများလာကြောင်း၊ သြစတြေးလျ စက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် သိပ္ပံပညာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး ကရေက လောင်ဒီက မတ်လ ၁၄ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

သြစတြေးလျတွင် တရုတ်လုပ်ငန်းကုမ္ပဏီဌာနများမှ အားဖြည့် ရင်းနှီးမြှုပ်နှံပြီး ကုန်ထုတ်လုပ်မှု ပမာဏတိုးချဲ့ခြင်းသည် သြစတြေးလျ၏ အလုပ်အကိုင် နေရာ တိုးများခြင်း အတွက် အကျိုးပြုမှုရှိကြောင်း၊ လောင်ဒီက ပြောကြားခဲ့ပါသည်။

   Webradio