• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဒုဝန်ကြီးချုပ်ဝမ်ယန် ဖိလစ်ပိုင်၌ ခရီးလှည့်လည်မည်

(GMT+08:00) 2017-03-15 10:53:53

        ဖိလစ်ပိုင်အစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဝမ်ယန်သည် ယခုလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင်ခရီးသွားရောက်လှည့်လည်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က ၁၄ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ဖိလစ်ပိုင်ခရီးစဉ်အတောအတွင်း ဒုဝန်ကြီးချုပ် ဝမ်ယန်သည် ဖိလစ်ပိုင်သမ္မတ ဒူတာတယ်နှင့် တွေ့ဆုံပြီး ဖိလစ်ပိုင် ကက်ဘိနက်အဖွဲ့ စီးပွားရေး စီမံခန့်ခွဲရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖွင့်ပွဲအခမ်းအနားနှင့် တရုတ်-ဖိလစ်ပိုင် စီးပွားကုန်သွယ်ရေး ဖိုရမ် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ဟွာချွန်ယဉ်က ပြောကြားသည်။

   Webradio