• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မတ်လကုန်မတိုင်ခင် ဥရောပသမဂ္ဂမှ ထွက်ခွာရေးအစီအစဉ်များ တရားဝင်စတင်မည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဆို

(GMT+08:00) 2017-03-15 10:53:23

        ဒေသစံတော်ချိန် မတ်လ ၁၄ ရက်နေ့က ဗြိတိန်ဝန်ကြီးချုပ် တရက်ဆာ-မေက လွှတ်တော်အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်ပြီး ဥရောပသမဂ္ဂမှ ထွက်ခွာရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုခြင်းနှင့်ပတ်သက်၍ မိန်ခွန်းပြောကြားခဲ့ရာတွင် ဗြိတိန်နိုင်ငံ၏ ဥရောပသမဂ္ဂမှ ထွက်ခွာခြင်းလုပ်ငန်းကို လျာထားသည့်အတိုင်း ဆောင်ရွက်နေကြောင်း၊ ဥရောပသမဂ္ဂမှ ထွက်ခွာရေးအစီအစဉ်များကို မတ်လကုန်မတိုင်ခင် စတင် တရားဝင် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ဥရောပသမဂ္ဂမှ ထွက်ခွာရေးဆိုင်ရာ ဥပဒေကြမ်းကို ယခုလ ၁၃ ရက်နေ့က လွှတ်တော်၌ အတည်ပြုခဲ့ကြောင်း၊ ယင်းသည် ဗြိတိန်နိုင်ငံ၏ ဥရောပသမ္မဂမှ ထွက်ခွာရေးအတွက် ဥပဒေဆိုင်ရာ အဟန့်အတားများ ဖယ်ရှင်းပေးခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio