• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဝမ်ယိက တွေ့ဆုံ

(GMT+08:00) 2017-03-14 15:07:30

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မတ်လ ၁၃ရက်နေ့က ပီကင်းမြို့တွင် ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး စာမျူအယ်လ်စိန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်း အရ သိရပါသည်။

ဝမ်ယိက ဒိန်းမတ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် သံအဆက်အသွယ် အစောဆုံး ထားရှိခဲ့သော အနောက်တိုင်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ လက်ရှိ တရုတ်-ဒိန်းမတ် ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးအချိန်တွင် ရောက်ရှိနေကြောင်း၊ ၂၀၁၈ခုနှစ် သည် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ထားရှိခဲ့သည့် ၁၀နှစ်ပြည့် မြောက်နှစ်ဖြစ်ကြောင်း၊ ယင်းအခွင့်ကောင်းယူပြီး တရုတ်နိုင်ငံသည် တရုတ်-ဒိန်းမတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းရန် ဒိန်းမတ်နှင့် အတူ တွန်းအားပေးလိုကြောင်း၊ ပြောကြားခဲ့ပါသည်။

စာမျူအယ်လ်စိန်က ဒိန်းမတ်အစိုးရသည် တရုတ်နှင့်ဆက်ဆံရေးကိုဖွံ့ဖြိုးတိုးတက်ရန် အလေးထားကြောင်း၊ တရုတ်တစ်ပြည်တည်းသာရှိရေးဝါဒကို ပြတ်သားစွာ စွဲကိုင်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားကြောင်း၊ ပြောကြားခဲ့ပါသည်။

   Webradio