• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

OBOR နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ် နိုင်ငံခြားခေါင်းဆောင် ၂၀ ကျော် တက်ရောက်ကြမည်

(GMT+08:00) 2017-03-14 12:40:57

       တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းယဉ်က၊ လက်ရှိအချိန် အထိ၊ နိုင်ငံခြားခေါင်းဆောင် ၂၀ ကျော်တို့သည်၊ မေလတွင် ပီကင်းမြို့၌ ကျင်းပမည့် OBOR နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးများဖိုရမ်သို့ တက်ရောက်ရန်ု အတည်ပြုခဲ့ကြပြီ ဖြစ်ကြောင်း ၁၃ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြား ခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ဟွာချွမ်းယဉ်က၊ OBOR နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးများဖိုရမ်သည်၊ OBOR ဆိုင်ရာ ဘက်အသီးသီးတို့ အတူတိုင်ပင်ဆွေးနွေးပြီး၊ အပြန်အလှန်အကျိုးရှိစေရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေးအောင်မြင်မှု အတူမျှဝေခံစားမည့် စည်းဝေးကြီးတစ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟုသိရသည်။

   Webradio