• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားသည် မေလတွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပနိုင်

(GMT+08:00) 2017-03-14 09:00:33

တောင်ကိုးရီးယားနိုင်ငံသည် မေလ ၉ ရက်နေ့တွင် သမ္မတ ရွေးကောက်ပွဲကို ကျင်းပ နိုင်မည် ဖြစ်ကြောင်း တောင်ကိုးရီးယားမီဒီယာမှ ၁၃ ရက်နေ့ကသတင်းကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ရေးသားဖေါ်ပြထားပါသည်။

တောင်ကိုးရီးယား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးသည် ၁၀ ရက်နေ့က သမ္မတ ပတ်ဂွမ်ဟေးအား စွပ်စွဲပြစ်တင်မှုကို အတည်ပြုခဲ့ကြောင်း၊ သက်ဆိုင်ရာ သတ်မှတ်ချက်အရ တောင်ကိုးရီးယားသည် ရက် ၆၀ အတွင်း သမ္မတသစ် ရွေးကောက်ပွဲကို ကျင်းပရမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio