• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားမြို့တော်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ကုလအတွင်းရေးမှူးချုပ်ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-03-13 12:14:49

      ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတယ်ရက်စ်သည်၊ ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှ တစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ မတ် လ ၁၁ ရက်နေ့က ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ၂ ကြိမ်အပေါ် ပြစ်တင် ရှုတ်ချခဲ့ပြီး၊ အလစ်ဝင်တိုက်ခိုက်သူများကို အရေးယူရမည်ဟု အလေးထားပြောကြားခဲ့ ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

အီရတ်ရှီးယိုက်ဂိုဏ်းပြည်သူများတင်ဆောင်ထားသည့် မောတော်ယာဉ် ၂ စီးသည်၊ မတ် လ ၁၁ ရက်နေ့က ဒမတ်စကတ်မြို့တော်၌ ဗုံးဖေါက်ခွဲမှုခံခဲ့ရသောကြောင့်၊ လူ ၃-၄ဆယ်သေဆုံးခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio