• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပင်လယ် ရေကြောင်းလွတ်လပ်စွာ သွားလာရေးကို အမေရိကန် ဘာဖြစ်လို့ ထပ်ခါတလဲလဲ ဝါဒဖြန့်သလဲ

(GMT+08:00) 2017-03-12 08:54:51

မကြာမီက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ် ပင်လယ် ရေကြောင်း လွတ်လပ်စွာ သွားလာရေး အစီရင်ခံစာကို ထုတ်ပြန်ပြီး တရုတ်နိုင်ငံသည် တောင်ပင်လယ်၌ ပင်လယ်အခွင့်အရေးကို လွန်ကဲစွာ လိုလားပြီး တောင်ပင်လယ် ရေကြောင်း လွတ်လပ်စွာ သွားလာမှုကို ဂယက်ရိုက်ခတ်သည်ဟု ပြစ်တင် ပြောဆို ခဲ့သည်။ ၄င်း၏ ယင်းအကြောင်းကို တပ်ခါတလဲလဲ ဝါဒဖြန့်ခြင်းသည် တရုတ်ပြည် အချုပ်အခြာအာဏာပိုင်ခွင့်နှင့် ပင်လယ် ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွါး အပေါ် ရန်စခြင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံ ပိုင်နက်ပင်လယ် သတ်မှတ်သည့် စံချိန်စံနှုန်းသည် ကုလသမဂ္ဂ ပင်လယ်ရေးရာ အထွေထွေစာချုပ်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသည်။ အတိတ်ကရော လက်ရှိအချိန်ရော အနာဂတ်မှာပါ သက်ဆိုင်ရာ ဥပဒေများကို လိုက်နာသော ရေယာဉ်၏ တောင်ပင်လယ်ဒေသ၌ ရေကြောင်း လွတ်လပ်စွာ သွားလာမှုသည် တရုတ်ပြည်၏ အဟန့်အတား ခံခြင်း မရှိသည့်အပြင် နောင်တွင်လည်း ရှိမည် မဟုတ်ပေ။

၁၉၇၉ ခုနှစ်က အမေရိကန်က ပင်လယ်ရေကြောင်း လွတ်လပ်စွာ သွားလာမှု အစီအစဉ်ကို ချမှတ်ခဲ့သည့်နောက်ပိုင်း ၄င်း၏ အားကောင်းသော ပင်လယ် အင်အားကို အားကိုးပြီး အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ခွင့် အပေါ် ရန်စနေခဲ့သည်။ လွတ်လပ်စွာ သွားလာမှု ဟူသည်မှာ အမေရိကန်က တပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်စွက်သော နည်းလမ်း တစ်ရပ်ပင် ဖြစ်သည်။

   Webradio