• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မီးရထားလမ်းဖွံဖြိုးရန် ထိုင်းစီစဉ်

(GMT+08:00) 2017-03-10 15:05:45

ထိုင်းနိုင်ငံသည်  လာမည့် ၁၀ နှစ် မီးရထားလမ်းဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့ကြောင်း၊ ၄င်းအတွက် ထိုင်းဘတ်ငွေ ဘီလီယံ ၂၀၀၀ အသုံးပြုပြီး ပြည်တွင်းမီးရထားလမ်း အရှည်ကို ကီလိုမီတာ ၄၀၀၀ရှိသည်မှ ကီလိုမီတာ ၉၀၀၀--၁၀၀၀၀အထိ တိုးပွားစေမည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

ထိုင်းနိုင်ငံလမ်းပန်းဆက်သွယ်ရေးဝန်ကြီး အာခွန်က လာမည့် ၁၀ နှစ်အတွင်း ထိုင်းနိုင်ငံသည် မီရထားလမ်း ကီလိုမီတာ ၅၀၀၀ ထက်မနည်း ဆောက်လုပ်ပြီး တစ်ပြည်လုံးမီရထားလမ်းပို့ဆောင်ရေး၏ GDP စွမ်းဆောင်မှုနှုန်းကို ယခုသော ၂ ရာခိုင်နှုန်းရှိသည်မှ လာမည့် ၅ နှစ်တွင် ၅ ရာခိုင်နှုန်းအထိ၊ ၁၀နှစ်ပြီးနောက် ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ထိုင်းအစိုးရက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

   Webradio