• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပညာရေးပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်-မလေးရှားဆက်ဆံမှု တွန်းအားပေးမည်

(GMT+08:00) 2017-03-10 14:25:40

    တရုတ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးDATO' ZAINUDDIN BIN YAHYA က တရုတ်ပြည်ကွမ်ရှီးပြည်နယ်၌ ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီး မကြာခင်က ခရီးလှည့်လည် ခဲ့ရာတွင် မလေးရှားတက္ကသိုလ်ကျောင်းနှင့် တရုတ်ပြည်ကွမ်ရှီးပြည်နယ်ရှိ တက္ကသိုလ် ကျောင်းများပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်-မလေးရှားနှစ်နိုင်ငံကြား အဆင့်မြင့်ပညာပေးရေး နယ်ပယ်တွင် အပြန်အလှန်အကျိုးရှိစေရေးကို တွန်းအားပေးမည့်အပြင် နှစ်နိုင်ငံ ဆက်ဆံမှု ဆစ်တင့်တိုး နက်ရှိုင်းလာစေရန်လည်း အထောက်အကူဖြစ်ကာ၊ တရုတ်-အာဆီယံ ချစ်ကြည်ရေး မိတ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးရေး အတွက်ရော၊ ပညာပေးရေးနယ်ပယ်တွင် ဘက်အသီးသီးတို့ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပါ ထိရောက်သောအကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio