• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပတ်ဂွမ်ဟေး ဖြုတ်ချခံ

(GMT+08:00) 2017-03-10 14:20:00

တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးသည် ယခုလ ၁၀ရက်နေ့က သမ္မတ ပတ်ဂွမ်ဟေးအား ဖြုတ်ချခြင်း အဆိုပြုချက်ကို ထောက်ခံမဲ ရာနှုန်းပြည့်ဖြင့် အတည်ပြု ပြဌာန်းခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ပတ်ဂွမ်ဟေးသည် တောင်ကိုရီးယား သမိုင်းကြောင်းတွင် ဖြုတ်ချမှု ခံရသော ပထမဆုံး သမ္မတ ဖြစ်ကြောင်း သိရသည်။

သမ္မတ၏ ကွင်းလွတ်ခွင့် ဆုံးရှုံးပြီး ပတ်ဂွမ်ဟေးသည် တောင်ကိုရီးယား ရှေ့နေဌာနမှ တိုင်းပြည်အုပ်ချုပ်ရေးတွင် အတွင်းလူယုံ ဝင်ရောက်စွက်ဖက်မှု၊ အာဏာ အလွဲသုံးစားမှုနှင့် လာဘ်ယူမှုစသည်နှင့် ပတ်သက်သော တရားစွဲဆိုမှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

   Webradio