• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရာထူး ဖိလစ်ပိုင်လွှတ်တော်ပယ်ချ

(GMT+08:00) 2017-03-09 14:14:48

      ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Perfecto Yasayသည်၊ အမေရိကန်နိုင်ငံသားဖြစ်ခဲ့ဖူး သည့် အဖြစ်မှန်ကို တိမ်ဝှက်ဖုံးကွယ်ခဲ့သောကြောင့်၊ ၄င်း၏ နိုင်ငံခြားရေးဝန်ကြီးရာထူးကို ယခုလ ၈ ရက်နေ့က ဖိလစ်ပိုင်လွှတ်တော်မှ ပယ်ချခဲ့သည်။ ထိုနေ့မှစ၍၊ Yasay၏ နိုင်ငံခြားရေးဝန်ကြီးထမ်းဆောင်ခြင်းကို ရပ်စဲခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

တာဝန်ခန့်အပ်ရေးကော်မရှင်ဥက္ကဋ္ဌက မီဒီယာများနှင့် တွေ့ဆုံခဲ့ရာ၌၊ Yasay ၏ နိုင်ငံခြားရေးဝန်ကြီးထမ်းဆောင်ခြင်းကို ချက်ချင်းရပ်စဲရကြောင်း၊ သမ္မတ ဒူတာတယ်သည်၊ နိုင်ငံခြားရေးဝန်ကြီးသစ်တစ်ဦးခန့်အပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

   Webradio