• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပတ်ဝန်းကျင်နှင့် ကလေးများ၏ကျန်းမာရေး အစီရင်ခံစာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

(GMT+08:00) 2017-03-06 09:55:49

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ယခုလ ၆ ရက်နေ့က ဂျနီဗာမြို့၌ ပတ်ဝန်းကျင်နှင့် ကလေးများ၏ ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာ နှစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း အစီရင်ခံစာတွင် ဆိုးရွားသော ပတ်ဝန်းကျင်ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် အသက် ၅ နှစ် အရွယ်အောက် ကလေးငယ် ၁၇ သိန်းကျော် သေဆုံးစေသည်ဟု ဖေါ်ပြထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းအစီရင်ခံစာ နှစ်ခုသည် "အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်သော ကမ္ဘာကြီးကို ဆက်ခံခြင်း၊ ကလေးများ၏ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဓါတ်ပုံများ"နှင့် "တို့၏ အနာဂတ်ကို ညစ်ညမ်းမှု မဖြစ်စေနှင့်၊ ပတ်ဝန်းကျင်၏ ကလေးများအပေါ် ဂယက်ရိုက်ခတ်မှုများ" ဖြစ်ကြောင်း သိရပါသည်။

   Webradio