• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းတောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွါး

(GMT+08:00) 2017-03-03 10:32:12

ထိုင်းနိုင်ငံတောင်ပိုင်း ချမ်ဝမ် ပြည်နယ် ရူစိုခရိုင်၌ ယမန်နေ့ ၂ ရက်နေ့က သေနတ်ပစ်ခတ်မှုဖြစ်ပွါးခဲ့သောကြောင့် လူ ၄ ဦးသေဆုံးခဲ့ရာ ယင်းတို့အနက် ၈ နှစ် အရွယ်ကလေးတစ်ဦးပါဝင်ကြောင်း၊ထို့ပြင် တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်သတင်း ဌာနမှ သတင်းအရ သိရပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင် လွန်ခဲ့သော ၁၀ နှစ်ကျော်အတွင်း အ​ကြမ်း​ဖက်မှုများ အဆက်မပြတ် ဖြစ်ပွါးပြီး ထိုင်းဝန်ကြီးချုပ် ဘရာယွတ်က အစိုးရသည် ငြိမ်း​ချမ်း​ရေး​စေ့​စပ်​ဆွေး​နွေး​ခြင်းဖြင့် တောင်ပိုင်းဒေသ၏မတည်မငြိမ်မှု ပြသနာကို ဖြေရှင်းရန်အလေးထားကြောင်း မကြာမီက ပြောကြားခဲ့သည်။

   Webradio