• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ပညာတော်သင်များ တရုတ်ပြည်သို့ ထွက်ခွါ

(GMT+08:00) 2017-02-28 10:27:34

မြန်မာနိုင်ငံမှ ပညာတော်သင် ၈၅ ဦးတို့သည် အသက်မွေးပညာများ လေ့လာ ဆည်းပူးရန် ယခုလ ၂၇ ရက်နေ့က ရန်ကုန်မှ တရုတ်ပြည်သို့ ထွက်ခွါခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာ ပညာရေး ဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ နိုင်ငံခြား ချစ်ကြည်ရေးအသင်း၊ မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးတို့၏ လက်တွဲ ကြိုးပမ်းမှုဖြင့် ယင်း မြန်မာ ပညာတော်သင်များသည် တရုတ် ထျန်ကင်း၊ ချုံချင့်၊ ဝူဟန့်၊ နန်ကင်း၊ စူးကျိုး စသည့်မြို့များရှိ နည်းပညာဆိုင်ရာ တက္ကသိုလ် ကောလိပ်ကျောင်းများ၌ ၃ နှစ်ကြာ ပညာ သင်ယူမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio