• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယား ပတ်ဂွမ်ဟေးအား ကန့်ကွက်သူနှင့် ထောက်ခံသူများ စုစည်းပွဲ ပြုလုပ်

(GMT+08:00) 2017-02-26 10:06:34

တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေးအား စွပ်စွဲ ပြစ်တင်မှုကို ထောက်ခံသူများနှင့် ကန့်ကွက်သူများသည် ယခုလ ၂၅ ရက်နေ့က စုစည်းပွဲကြီးကို အသီးသီး ပြုလုပ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အရပ်ဘက်အသင်းအဖွဲ့များနှင့် ပြည်သူလူထုများစွာတို့သည် ၂၅ ရက်နေ့ညက ဆိုးလ်မြို့ ဂွမ်ဟွာမွန် ရင်ပြင်ကြီး၌ ပတ်ဂွမ်ဟေးအား ကန့်ကွက်ရေး စုစည်းပွဲကို ပြုလုပ်ခဲ့ရာ လူ ၈ သိန်းခန့်သည် စုစည်းပွဲတွင် ပါဝင်ခဲ့ကြကြောင်း၊ ယင်းနေ့ကပင် ပတ်ဟွမ်ဟေးအား ထောက်ခံသူများသည်လည်း အနီးတဝိုက်ရှိ မြို့အစိုးရရုံး အနီး၌ စုစည်းပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio