• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား၌ အသေခံ ဗုံးဖေါက်ခွဲမှု ဖြစ်ပွါး ၃၅ ဦးထက်မနည်း သေဆုံး

(GMT+08:00) 2017-02-26 08:39:19

ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟွန်းစ်မြို့၌ ယခုလ ၂၅ ရက်နေ့က အသေခံ ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ရာ လူ ဆယ်ပေါင်းများစွာ သေဆုံးခဲ့ကြောင်း ဆီးရီးယား နိုင်ငံတော် ရုပ်မြင်သံကြား ဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖေါ်ပြထားသည်။

ယင်းနေ့၌ ဟွန်းစ်မြို့ရှိ လုံခြုံရေးဌာန နှစ်ခုတွင် အသေခံ ဗုံးဖေါက်ခွဲမှု အသီးသီး ဖြစ်ပွါး ခဲ့ရာ လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ ယင်းတို့အနက် အရပ်သူအရပ်သား များစွာ ပါဝင်ကြောင်း သတင်းရရှိပါသည်။

   Webradio