• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်း စီးပွါးရေး ၄့ ဝ မဟာဗျူဟာသည် တရုတ် လုပ်ငန်းများအတွက် အခွင့်အရေးများ ဖန်တီးပေးမည်

(GMT+08:00) 2017-02-20 09:36:36

ထိုင်းနိုင်ငံသည် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၄့ ဝ မဟာဗျူဟာကို အစွမ်းကုန် တွန်းအားပေးနေသည်။ မကြာမီက ထိုင်း ဝန်ကြီးချုပ် ဘရာယွတ်သည် ထိုင်း အခွင့်အရေး ခေါင်းစဉ်ဖြစ်သည့် နှီးနှောဖလှယ်ပွဲကြီးသို့ တက်ရောက်ပြီး ယင်းမဟာဗျူဟာကို မိတ်ဆက် ပေးခဲ့သည်။ ထိုင်း ဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး ကိုဘ်စာကလည်း၊ ၄့ ဝ မဟာဗျူဟာ ဖေါ်ဆောင် ပြီးနောက် ထိုင်းနိုင်ငံတွင် ပိုမို အဆင်ပြေသော လမ်းပန်းဆက်သွယ်ရေး အဆောက်အဦများ၊ အဆင့်မြင့် နည်းပညာများ၊ ပညာ အရည်အချင်း ပိုမို မြင့်မားသော ပြည်သူများနှင့် အဆင့်မြင့် နည်းပညာ ကျွမ်းကျင်သူများ ပိုင်ရှိနိုင်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နှင့် ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံးသောနိုင်ငံ ဖြစ်လာနေပြီ။ လွန်ခဲ့သည့်နှစ်ကစပြီး တရုတ် အဆင့်မြင့်နည်းပညာ လုပ်ငန်းကုမ္ပဏီများနှင့် အင်တာနက် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကုမ္ပဏီများသည် ထိုင်းနိုင်ငံ၌ လျင်မြန်စွာ စီမံ ဖြန့်ချ နေပါသည်။ ထိုင်း ဝန်ကြီးချုပ် ဘရာယွတ်သည် တရုတ် အာလီဘာဘာ ကုမ္ပဏီ အုပ်စု ဖွဲ့စည်းတည်ထောသ်သူ မာယွင်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ alipay စာရင်းရှင်းစနစ်သည် ထိုင်းနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီ။ တရုတ်ပြည်လုပ် ဟွာဝေ ဟန်းဖုန်းသည် ထိုင်းနိုင်ငံ၌ အရောင်း လွန်စွာ ကောင်းမွန်ပါသည်။ ထို့ပြင် တရုတ် သိပံ္ပပညာ တံခွန်အသင်းကြီးသည်လည်း ထိုင်းနိုင်ငံ၌ အာဆီယံကို ဖုန်းလွှမ်းသော ဆန်းသစ်တီထွင်ရေး စင်တာကို တည်ထောင်မည် ဖြစ်ပြီး တရုတ် သိပံ္ပနည်းပညာ ကုန်ပစ္စည်းများနှင့် အာဆီယံ ဈေးကွက်များ ဆက်သွယ်မှုကို အားဖြည့် သွားရန် စီစဉ်ထားပါသည်။

   Webradio