• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်အချုပ်အချာအာဏာပိုင့်ခွင့်နှင့် လုံခြုံရေးဆိုင်ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00) 2017-02-16 15:04:23

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှန်က၊ တရုတ်ပြည်သည်၊ နိုင်ငံတကာဥပဒေအရ တောင်ပင်လယ်၌ နိုင်ငံအသီးသီးတို့၏ လွတ်လပ်စွာ ခုတ်မောင်း သွားလာခွင့်နှင့် ပျံသန်းခွင့်များအပေါ်လေးစားကာကွယ်ကြောင်း၊ သို့သော်မည်သည့်နိုင်ငံ မဆို လွတ်လပ်စွာ ခုတ်မောင်းသွားလာခွင့်နှင့် ပျံသန်းခွင့်များအား အကြောင်းပြခြင်းဖြင့် တရုတ်အချုပ်အချာအာဏာပိုင့်ခွင့်နှင့် လုံခြုံရေးအပေါ်ထိခိုကစေခြင်းကို တရုတ်က ပြတ်သားစွာ ကန့်ကွက်ကြောင်း ယခုလ ၁၅ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်း အရသိရသည်။

ဆက်လက်၍ ကင်ရွှန်က၊ မျက်မောက်အချိန်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ အတူကြိုးပမ်းမှုကြောင့်၊ တောင်ပင်လယ်အခြေအနေတည်ငြိမ်လာပြီး ကာင်းမွန်တက်ကြွ သော ဦးတည်ချက်သို့ တိုးတက်လာနေကြောင်း၊  ပြင်ပနိုင်ငံများအနေနှင့် တရုတ်နှင့် အာဆီယံနိုင်ငံများ၏ကြိုးပမ်းမှုအပေါ်လေးစားပြီး၊ ယင်းအခြေအနေတည်ငြိမ်မှုကို အတူ ထိန်းသိမ်းခိုင်မြဲစေရန် တရုတ်ပြည်က မျှော်လင့်ကြောင်းပြောကြားခခဲ့သည်ဟု သိရသည်။

   Webradio