• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း ကာလအတွင်း တရုတ်ပြည် စံနှုန်းမြင့် လယ်မြေ ဟက်တာ သန်း၄၀ ရှိရန် ရည်မှန်းထား

(GMT+08:00) 2017-02-16 15:04:18

မကြာမီက တရုတ် နိုင်ငံတော် နယ်မြေ အရင်းအမြစ် ဝန်ကြီးဌာနနှင့် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်တို့သည် "တစ်ပြည်လုံး နယ်မြေ ပြုပြင်ရေး စီမံကိန်း ၂၀၁၆-၂၀၂၀"ကို ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းစီမံကိန်းတွင် ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း ကာလအတွင်း တရုတ်ပြည် တစ်ပြည်လုံး၌ စံချိန်စံနှုန်းမြင့်မားသော လယ်မြေ ဟက်တာ သန်း၄၀ ရှိရန် ရည်မှန်း ထားကြောင်း ရေးသားဖော်ပြသည်။

အတင်းကျပ်ဆုံး စိုက်မြေ ထိန်းသိမ်းစောင့်ရှောက်ရေး စနစ်နှင့် နယ်မြေ အသုံးပြုမှု ချွေတာရေး စနစ်၏ အခြေခံပေါ်တွင် ၄င်းစီမံကိန်းသည် ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း ကာလအတွင်း အဓိက ရည်မှန်းချက်များကို ချမှတ်သည်။ ၄င်းရည်မှန်းချက်များတွင် စံနှုန်းမြင့် လယ်မြေ တည်ဆောက်မှု အရှိန်မြှင့် တွန်းအားပေးရန်၊ စိုက်မြေ ပမာဏနှင့် အရည်အသွေး ထိန်းသိမ်းစောင့်ရှောက်မှု ဘက်စုံ တိုးမြှင့်ရန်၊ မြို့ပြနှင့် ကျေးလက် ဒေသများတွင် အိမ်ရာ ဆောက်လုပ်ရန် မြေရာ ပြုပြင်ရေးတွင် အောင်မြင်မှု ရရှိရန်၊ နယ်မြေ ပြုပြင်ရေး စနစ်နှင့် ပြုပြင်နိုင်စွမ်း တည်ဆောက်ရေး တစ်ဆင့်တိုးမြှင့်ရန် စသည်များ ပါဝင် ကြောင်း သိရသည်။

တရုတ် နိုင်ငံတော် နယ်မြေ အရင်းအမြစ် ဝန်ကြီးဌာန စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ချုပ် ကျွမ်းရှောက်ချင်က စံနှုန်းမြင့် လယ်မြေ တည်ဆောက်ရေး အရှိန်မြှင့် တွန်းအားပေးရေး သည် အဓိက အကျဆုံး ရည်မှန်းချက် ဖြစ်ကြောင်း ပြောကြားသည်။

 

   Webradio