• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးသစ် နေတိုးအဖွဲ့ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်မည်

(GMT+08:00) 2017-02-15 15:18:53

နေတိုးအဖွဲ့ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၅ရက်နေ့မှ ၁၆ရက်နေ့ အထိ ကျင်းပရန် စီစဉ်ထားကြောင်း၊ အမေရိကန် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးသစ် ဂျေးမ်စ် မာတစ်သည် ပထမဆုံး အကြိမ် အဖြစ် အမေရိကန် အစိုးရကို ကိုယ်စားပြုပြီး ယင်းပုံမှန် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် စတိုတင်ဘတ်က ယခုလ ၁၄ရက်နေ့ အစည်းအဝေး မကျင်းပမီက သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ရာ စစ်စရိတ် ပြဿနာသည် ယခုအကြိမ် ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် ခေါင်းစဉ် ဖြစ်ရုံသာမကဘဲ ယခုနှစ် မေလတွင် ကျင်းပမည့် နေတိုးအဖွဲ့ ထိပ်သီး အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် ခေါင်းစဉ်လည်း ဖြစ်ကြောင်း ပြောကြားသည်။

ယခုနှစ် ဖေဖော်ဝါရီ ၆ရက်နေ့က အမေရိကန် သမ္မတ ထရမ့်က ဖလိုရီဒါပြည်နယ် မက္ကဒီလ် လေတပ် အခြေခံ စခန်းတွင် စစ်ဆေးကြည့်ရှုရာ နေတိုးအဖွဲ့ အပေါ် အမေရိကန်မှ ထောက်ခံမှု ပေးမည်ဖြစ်ကြောင်း ပြောကြာခဲ့သော်လည်း နေတိုးအဖွဲ့ဝင် နိုင်ငံများ အနေနှင့် ဆောင်သင့်သည့် စစ်စရိတ်များကို ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားသည်။ အတွင်းရေးမှူးချုပ် စတိုတင်ဘတ်က စစ်စရိတ် ပြဿနာနှင့် ပတ်သက်၍ ထရမ့်မှ ဖိအားပေးမှု ခံရကြောင်း၊ မိမိသည် ထရမ့်၏ ပြောကြားချက်ကို သဘောတူကြောင်း ပြောကြားသည်။

 

   Webradio