• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက် ၆ ရပ်ကို တရုတ် တင်ပြ

(GMT+08:00) 2017-02-14 09:13:55

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လျူကျင့်မင်သည် ယခုလ ၁၀ ရက်နေ့တွင် ပီကင်း၌ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံမှ သံတမန် အရာရှိများနှင့် တွေ့ဆုံပြီး ယခုနှစ် တရုတ်-အာဆီယံ ဆက်ဆံမှု အကြောင်းနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ် ခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘဆိုက်မှ သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် နိုင်ငံရေး လုံခြုံမှု၊ စီးပွါးကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ လူမှုရေးနှင့် ယဉ်ကျေးမှု အပါအဝင် ကျောရိုးမဏ္ဍိုင် သုံးခုနှင့် ပတ်သက်၍ အဓိက လုပ်ငန်း နယ်ပယ် ၇ ခုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် တိုက်တွန်း ခဲ့ကြောင်း သိရပါသည်။

တရုတ်နိုင်ငံသည် ယခုနှစ် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက် ၆ ရပ်ကိုလည်း တင်ပြခဲ့ကြောင်း၊ ယင်းတို့သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးများကို ကောင်းမွန်စွာ စည်းရုံးရန်၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများ အပြန်အလှန် ဆက်နွှယ်ခြင်းကို နက်ရှိုင်းစေရန်၊ လူမှုရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး၏ ကျော်ရိုးမဏ္ဍိုင် ထူထောင်ရေးကို တွန်းအားပေးရန်၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေးရန်၊ ဒေသငယ် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်လာအောင် ဆောင်ရွက်ရန်နှင့် တောင်ပင်လယ် ပြဿနာကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန်တို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့ပြင် ဒုဝန်ကြီး လျူကျင့်မင်သည် အာဆီယံနှင့် တရုတ်၊ တောင်ကိုးရီးယား၊ ဂျပန် ပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့အာရှ ထိပ်သီး အစည်းအဝေးနှင့် အာဆီယံ ဒေသဖိုရမ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍လည်း ထင်မြင်ခံယူချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။

   Webradio