• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် နိုင်ငံခြားတွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မည်

(GMT+08:00) 2017-02-10 14:33:12

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စွန်ကြည့်ဝင်က ၂၀၁၇ခုနှစ်တွင် နိုင်ငံခြား၌ တရုတ်ပြည်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ပြီး တိုးတက်မှု အရှိန် လျော့နည်းမည် ဖြစ်သော်လည်း တိုးတက်မှု အရည်အသွေး ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ နိုင်ငံ အသီးသီးသည် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရေးကို တစ်ဆင့်တိုး တွန်းအား ပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

လူအများက အာရုံစိုက်ကြသော "One Belt and Road"လုပ်ငန်းနှင့် ပတ်သက်၍ စွန်ကြည့်ဝင်က "One Belt and Road" တည်ဆောက်မှုကို ခြေလှမ်းမှန်မှန်ဖြင့် ဆက်လက် တွန်းအားပေးပြီး ပိုမိုများပြားသည့် အကျိုးစီးပွားများ ရရှိရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ စာရင်းအရ ၂၀၁၆ခုနှစ်က နိုင်ငံခြားတွင် တရုတ်ပြည်မှ ငွေကြေးမဟုတ်သော ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၁၇၀ကျော်ရှိပြီး ၂၀၁၅ခုနှစ်ကထက် ၄၄့၁ရာခိုင်နှုန်း တိုးလာကာ တိုးတက်မှုနှုန်းမှာ ၂၀၁၅ခုနှစ်ကတိုးနှုန်း၏ ၃ဆ ရှိကြောင်း၊ နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏရော၊ အမေရိကန်၊ ဥရောပနှင့် သြစတြေးလျ နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏပါ စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။

   Webradio