• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်-အမေရိကန် စစ်ရေး မဟာမိတ်အဖွဲ့ ပြောင်းလဲမည်

(GMT+08:00) 2017-02-07 15:35:04

ယခုလ ၁၀ရက်နေ့တွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အမေရိကန်သို့ ခရီး မထွက်ခွါမီ အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ်က ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်သို့ သွားရောက်ခရီးလှည့်လည်ရာ ရှင်ဇိုအာဘေး၊ ဂျပန် ကာကွယ်ရေး ဝန်ကြီး အီနာဒါ တိုမိုမီနှင့် အသီးသီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်နိုင်ငံ အရာရှိများက နှစ်နိုင်ငံ မဟာမိတ် အဖွဲ့ ဆက်ဆံမှုကို တိုးမြှင့်မည် ဖြစ်ကြောင်း ဖော်ပြကြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

နိုင်ငံတော် ကာကွယ်ရေး နယ်ပယ်နှင့် ပတ်သက်၍ မကြာမီက ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံ၏ အပြောအဆိုနှင့် အပြုအမူများကို ကြည်ခြင်းအားဖြင့် ထရန့်အစိုးရ တက်လာခဲ့သည့် နောက်ပိုင်းတွင် ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့သည် စစ်ရေးနယ်ပယ် မှပြောင်းလဲမည်ဟု အကဲခတ်သူများက ယူဆကြောင်း၊ အဓိက ပြောင်းလဲမှုများမှာ ဂျပန်နိုင်ငံ ဆိုင်ရာ အမေရိကန် တပ်ဖွဲ့၏ တာဝန်လုပ်ငန်း ပြောင်းလဲခြင်းနှင့် ဂျပန်၏ "ကိုယ်ပိုင် ကာကွယ်ရေး"မူဝါဒကို တိုးမြှင့်ခြင်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ယင်းပြောင်းလဲမှု များသည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေး အခြေအနေ အပေါ် နက်ရှိုင်းစွာ ဂယက် ရိုက်ခတ်မည် ဖြစ်ကြောင်း အကဲခတ်များက ယူဆသည်။

   Webradio