• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒို စီးပွားရေး အပေါ် ကမ္ဘာဘဏ် အကောင်းဘက်မှမြင်

(GMT+08:00) 2017-02-06 15:05:49

ကမ္ဘာဘဏ်မှ နောက်ဆုံးထုတ်ပြန်သော အင်ဒိုနီးရှား စီးပွားရေး ဆိုင်ရာ အစီရင်ခံစာ တစ်ရပ်တွင် အင်ဒိုနီးရှား ပြင်ပ စီးပွားရေး အန္တရာယ်များ ရင်ဆိုင်ရေး၊ ကုန်သွယ်ရေး အခြေအနေ ကောင်းမွန်စေရေး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှု ထိန်းသိမ်းထားခြင်း နယ်ပယ်များတွင် သိသာ ထင်ရှားသော တိုးတက်မှုများ ရရှိပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် သိသာထင်ရှားသော အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ၂၀၁၇ခုနှစ်နှင့် ၂၀၁၈ခုနှစ်တွင် ၅့၃ရာခိုင်နှုန်းနှင့် ၅့၅ရာခိုင်နှုန်း အသီးသီးရှိမည်ဟု မူလက အင်ဒိုနီးရှား နိုင်ငံ၏ စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်းကို ကမ္ဘာဘဏ်သည် ဆက်လက် ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ဖော်ပြထားသည်ဟု တရုတ် စီးပွားရေး နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

   Webradio