• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတော်ကောင်စီ နွေဦးပွဲတော် နှုတ်ခွန်းဆက်ပွဲ ပြုလုပ်

(GMT+08:00) 2017-01-27 09:39:15

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီသည် ယခုလ ၂၆ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ၂၀၁၇ ခုနှစ် နွေဦးပွဲတော် နှစ်သစ်ကူး နှုတ်ခွန်းဆက်ပွဲကို ပြုလုပ်ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော် ကောင်စီ ကိုယ်စား တစ်ပြည်လုံး တိုင်းရင်းသားပေါင်းစုံတို့၊ ဟောင်ကောင်၊ မကာအို အထူး အုပ်ချုပ်ရေးဒေသမှ မွေးချင်းပေါက်ဖေါ်များ၊ ထိုင်ဝမ် မွေးချင်းပေါက်ဖေါ်များနှင့် ပင်လယ် ရပ်ခြားရောက် တရုတ် မွေးချင်းပေါက်ဖေါ်များအား နှစ်သစ် နှုတ်ခွန်း ဆက်သခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ၂၀၁၆ ခုနှစ်တွင် ပါတီ တစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံးနှင့် တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံတို့သည် သွေးစည်းညီညွတ်ပြီး ပါတီနှင့် နိုင်ငံတော်၏ လုပ်ငန်းများကို အဆင့်ကဏ္ဍသစ်သို့ တက်လှမ်းရန် တွန်းအားပေးခဲ့ကြောင်း၊ တရုတ်ပြည် စီးပွါးရေး တိုးတက်နှုန်းသည် ကမ္ဘာ့ ရှေ့တန်းနေရာ၌ ဆက်လက် တည်ရှိပြီး ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်းတွင် အရေးကြီး တိုးတက်အောင်မြင်မှုသစ် များကို ရရှိခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးကို ကျင်းပမည် ဖြစ်ပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်လုပ်ငန်းအတွက် စီမံကိန်းများကို ချမှတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လီခေ့ချန်၊ ကျန်းတေကျန်း၊ ယူကျင့်ရှင်း၊ လူယွင်စန်၊ ဝမ်ချီစမ်း၊ ချမ်းကောလိ အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် နှုတ်ခွန်းဆက်သပွဲသို့ တက်ရောက် ပြီး ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုအကြိမ် နှုတ်ခွန်းဆက်ပွဲကို ကြီးမှူးကျင်းပ ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

   Webradio