• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်သည် အမေရိကန် သမ္မတ ထမ်းဆောင်

(GMT+08:00) 2017-01-23 10:03:58

ယခုလ ၂၀ ရက်နေ့က ထရန့်သည် ကျမ်းသိစ္စာ ကျိန်ဆိုပြီး အမေရိကန်နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ပြီး - အမေရိကန်သာ ပထမ ဖြစ်သည်- ခေါင်းစဉ်ဖြင့် ကိုယ်ကျိုးစီးပွါးရေး ကာကွယ်ရေးကို အဓိက ဝါဒဖြန့်သည့် မိန့်ခွန်းကိုလည်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန၏ ဆောင်းပါး တစ်ပုဒ်တွင် ရေးသား ဖေါ်ပြထားသည်။

 အကဲခတ်များက၊ ထရန့် သမ္မတ အဖြစ် ထမ်းဆောင်ခြင်းသည် အမေရိကန်၏ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးတွင် ပြောင်းလဲမှုများ တိုးလာစေပြီး ကမ္ဘာကြီးအား ဂယက်ရိုက်ခတ်မှုများ ဖြစ်စေမည် ဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။

ထရန့်သည် ပထမဦးစွာ ဝါရှင်တန် နိုင်ငံရေး လောကမှ ပုဂ္ဂိလ်များသည် ကိုယ်ကျိုး ဖက်ပြီး ပြည်သူပြည်သားများ၏ အကျိုးစီးပွါးကို ထိခိုက်သည်ဟု ပြစ်တင် ဝေဖန်ပြီး အရပ်သူ အရပ်သားများနှင့် အထက်တန်း လူတန်းစားကို ခွဲခြား ထားနေကြောင်း၊ ထို့နောက်လည်း အတိတ်က အမေရိကန် အစိုးရသည် အမေရိကန်၏ အကျိုးစီးပွါးကို ထိခိုက်ပြီး ကမ္ဘာကြီးကို အကျိုးဆောင်ပေးသည်ဟု ပြစ်တင်ဝေဖန်ပြီး အမေရိကန်နှင့် အခြားနိုင်ငံများကို ဆန့်ကျင်ဖက် အဖြစ် ပြောထားကြောင်း၊ အထက်ပါ ပြဿနာကို ဖြေရှင်းရန် နည်းလမ်းနှင့် ပတ်သက်ပြီး ထရန့်က၊ နောက်နောင်တွင် အမေရိကန်သာ ပထမ ဖြစ်ရမည် ဖြစ်ပြီး ကာကွယ်ရေး ဝါဒသည် အမေရိကန်အား ကြီးမားသော စည်ပင်သာယာရေးနှင့် အင်အားကို ဆောင်ကျဉ်းလာနိုင်မည်ဟု ပြောကြားကြောင်း၊ ထို့ပြင် ထရန့်က၊ မိမိ၏ အစိုးရသည် အမေရိကန်လုပ် ကုန်ပစ္စည်းကို ဝယ်၊ အမေရိကန်နိုင်ငံသားကို အလုပ်ခန့်အပ်သည့်မူအရ ကုန်သွယ်ရေး၊ အခွန်ကောက်ယူရေး၊ ရွှေပြောင်းနေထိုင်ရေးနှင့် နိုင်ငံခြားရေး စသည့် နယ်ပယ်များတွင် ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး မူဝါဒကို ထိထိရောက်ရောက် ကျင့်သုံးမည်ဟု ပြောပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓါတ် ထွန်းကားစေ၍ အမေရိကန်ကို ပြန်လည် ကြီးမြတ်လာအောင် ဆောင်ရွက်ရမည်ဟုလည်း ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

အကဲခတ်များက၊ ထရန့်၏ မူဝါဒအချို့သည် အမေရိကန်နှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်များစွာ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ ထရန့်၏ လက်နက် အင်အား တိုးချဲ့ရေး အစီအစဉ်သည်လည်း ကမ္ဘာ့ ဒေသ အချို့၌ အခြေအနေ ပိုမို တင်းမာ ဆိုးရွားလာစေနိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။

   Webradio