• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီး လျူကျင့်မင်က ဖိလစ်ပိုင်သမ္မတ ဒူတာတယ်အား ဂါရဝပြု

(GMT+08:00) 2017-01-20 10:59:51

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဒုဝန်ကြီး လျူကျင့်မင်သည် ၁၇ ရက်နေ့က မနီလာမြို့၌ ဖိလစ်ပိုင်သမ္မတ ဒူတာတယ်အား ဂါရဝပြုခဲ့ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

သမ္မတဒူတာတယ်က လွန်ခဲ့သည်နှစ်တွင် မိမိသည် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး ဘက်စုံဖွံ့ဖြိုးတိုးတက်လာကြောင်း ယင်းအပေါ် မိမိ အားရကျေနပ်ပါကြောင်း၊ ယခနှစ် မေလတွင် မိမိသည် ပီကင်း၌ ကျင်းပမည့် One Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး မိမိသည် ဥက္ကဌရှီကျင်ဖိန်နှင့် ထပ်တစ်ကြိမ် တွေ့ဆုံရန်ု စောင့်မျှော်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

လျူကျင့်မင်က တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့်လက်တွဲပြီး နှစ်နိုင်ငံခေါင်းဆောင်များ ရရှိသော အရေးကြီး သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်ရန် လက်တွေ့ကြိုးပမ်းလိုကြောင်း၊ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရောက်မှု အကျိုးသက်ရောက်မှု ရရှိစေရန်တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio