• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ အိုလံပစ် ကော်မတီ နှင့် ALIBABAတို့ ရေရှည် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ထားရှိ

(GMT+08:00) 2017-01-20 10:41:46

ကမ္ဘာ့ အိုလံပစ် ကော်မတီ နှင့် ALIBABA ကုပ္မဏီအုပ်စု တို့သည် ဇန်နဝါရီလ ၁၉ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင် ရေရှည် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ထားရှိပြီဟု ကြေညာခဲ့ကြကြောင်း၊ Cloud Service နှင့် အီလက်ထရောနစ် ကုန်သွယ်ရေး ပလက်ဖောင်း ဝန်ဆောင်မှု နယ်ပယ်များတွင် ALIBABAသည် ကမ္ဘာ့ အိုလံပစ် ကော်မတီ၏ တစ်ခုတည်းသော တရားဝင် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် အပြင် အိုလံပစ် ရုပ်မြင်သံကြားချယ်နယ် တည်ထောင်ရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်လည်း ဖြစ်လာကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုဘောင်အောက်တွင် ALIBABA၏ တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ရေး အခွင့်အရေးသည် ၂၀၂၈ခုနှစ်မတိုင်မီ ရှိသော နွေရာသီ နှင့် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်အားလုံးကို အကျုံးဝင်မည် ဖြစ်ကြောင်း၊ သိရပါသည်။

   Webradio