• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-01-19 14:49:10

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၈ ရက်နေ့က ဂျနီဗာမြို့၌ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ သောမ်စွန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် နိုင်ငံစုံဝါဒကို ပြတ်ပြတ်သားသား စွဲကိုင်မည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပဋိဥာဉ်စာချုပ် ရည်မှန်းချက်နှင့် မူများကို ထိန်းသိမ်း ကာကွယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio