• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ၂၀၁၇ခုနှစ် ခရီးသွား ပူးပေါင်းဆောင်ရွက် ရေးနှစ် လှုပ်ရှားမှု တွန်းအားပေးမည်

(GMT+08:00) 2017-01-18 17:23:28

၂၀၁၇ခုနှစ်သည် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖြစ်သည်။ တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်က မကြာခင်က သတင်းထောက် နှင့်တွေ့ဆုံနှုတ်ဆက်ရာတွင် တရုတ်နှင့် အာဆီယံတို့သည် တရုတ်-အာဆီယံ ခရီးသွား ရေးနှစ် ဆိုင်ရာ လှုပ်ရှားမှုများကို တက်ကြွစွာ စီမံဆောင်ရွက်နိုင်ရန် စိုင်းပြင်းနေကြကြောင်း၊ ခရီးသွား ပူးပေါင်း ဆောင်ရွက်ရေးနှစ် လှုပ်ရှားမှုသည် တရုတ်-အာဆီယံ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားသည်ဟု တရုတ်-အာဆီယံ စင်တာ၏ ဝက်ဘ်ဆိုက်မှ သိရသည်။

သက်ဆိုင်ရာ စာရင်းအရ ၂၀၁၅ခုနှစ်က တရုတ်တွင် အာဆီယံ ခရီးသည် ဦးရေမှာ ၆သန်း၅သိန်း၅သောင်းရှိကြောင်း၊ အာဆီယံ နိုင်ငံများတွင် တရုတ်ခရီးသည် ဦးရေမှာ ၁၇ သန်း ၉သောင်းရှိကာ စုစုပေါင်း ခရီးသည် ဦးရေမှာ ၂၃သန်း ၆သိန်း၎သောင်းရှိ၍ စံချိန်သစ် တင်ခဲ့ကြောင်း၊ ၂၀၁၆ခုနှစ် ပထမ ၃လပတ်မှ တတိယ ၃လပတ်အထိ နှစ်ဖက်မှ ဝန်ထမ်း အပြန်အလှန် သွားလာမှု ဦးရေမှာ ၂၂သန်းရှိပြီ ဖြစ်ကြောင်း၊ အာဆီယံ နိုင်ငံများတွင် တရုတ် ခရီးသည် ဦးရေ အများဆုံး ဖြစ်ကြောင်း၊ တရုတ်ပြည်တွင် နိုင်ငံခြား ခရီးသည် အများဆုံးသော ၁၅နိုင်ငံထဲက ၆နိုင်ငံတို့သည် အာဆီယံ နိုင်ငံများ ဖြစ်ကြကြောင်း၊ ၂၀၁၆ -+ခုနှစ် နွေရာသီနှင့် ဆောင်းဦးရာသီက တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြား တစ်ပတ်စဉ် လေယာဉ် ပျံသန်းသွားလာမှု စင်းရေ ပမာဏမှာ ၂၇၀၀ကျော် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ နွေးထွေးသော ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု သည် တရုတ်နှင့် အာဆီယံ နိုင်ငံများ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် တွန်းအားပေးခဲ့ကြောင်း တရုတ်-အာဆီယံ စင်တာ၏ ဝက်ဘ်ဆိုက်မှ ရေးသားဖော်ပြသည်။

 

   Webradio