• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် နိုင်ငံတော် အဆင့်မြင့်ဆုံး သိပ္ပံနည်းပညာဆုကို ကျောက်ကျုံးရှန်နှင့် တူယိုယိုအား ချီးမြှင့်ပေး

(GMT+08:00) 2017-01-10 08:48:39

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီသည် ယခုလ ၉ ရက်နေ့ နံနက်ပိုင်းက ပီကင်း၌ နိုင်ငံတော် သိပံ္ပနည်းပညာ ဆုချီးမြှင့်ပွဲ အစည်းအဝေးကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း၊ ရှီကျင့်ဖိန်၊ လီခေ့ချန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ပြီး ဆုရသူများအား ဆု ချီးမြှင့်ပေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အစည်းအဝေးတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံတော် အမြင့်ဆုံး သိပ္ပံနည်းပညာဆုကို ရရှိသည့် တရုတ် သိပံ္ပပညာ တံခွန်အသင်းကြီးမှ သုတေသီ ရူပဗေဒ ပညာရှင် ကျောက်ကျုံးရှန်နှင့် တရုတ် တိုင်းရင်းဆေးပညာ သိပံ္ပပညာ အသင်းမှ သုတေသီ တူယိုယိုအား ဆုလက်မှတ်ကို ချီးမြှင့် ပေးခဲ့ကြောင်း၊ ထို့နောက် နိုင်ငံတော် သဘာဝ သိပံ္ပပညာဆု၊ နိုင်ငံတော် နည်းပညာ ဆန်းသစ်တီထွင်ရေးဆု၊ နိုင်ငံတော် သိပံ္ပပညာ တိုးတက်ရေးဆုနှင့် နိုင်ငံတကာ သိပံ္ပနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆု ရရှိသူများအားလည်း ဆုချီးမြှင့်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော် ကောင်စီ ကိုယ်စား မိန့်ခွန်း ပြောကြားရာတွင်၊ ဆန်းသစ်တီထွင်ရေးကို နိုင်ငံတော် ဖွံ့ဖြိုးရေး၏ အမြုတေ ကျသည့်နေရာ၌ ထားပြီး စီးပွါးရေး အသင့်အတင့် မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ သိပံ္ပနည်းပညာ ဆန်းသစ် စွမ်းအားကို ဘက်စုံ တိုးမြှင့်ရမည် ဖြစ်ပြီး နိုင်ငံတော်၏ အမြုတေကျ ယှဉ်ပြိုင်စွမ်းအား၏ အခြေခံ ခိုင်မာလာအောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာ စနစ် ပြုပြင် ပြောင်းလဲရေးကို ဇောက်ချ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio