• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းကမ်း ကြီးကြပ်ရေး ကော်မတီ အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2017-01-09 09:30:34

၁၈ ကြိမ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စည်းကမ်း ကြီးကြပ်ရေး ကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၈ ရက်နေ့က ပီကင်း၌ ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးတွင် ပြန်တမ်း တစ်ရပ်နှင့် တရုတ်ကွန်မြူနစ်ပါတီ စည်းကမ်း ကြီးကြပ်ရေးဌာနများ၏ စည်းမျဉ်းစည်းကမ်း ကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ပြီး အဂတိလိုက်စားမှု ဆက်တိုက် တိုက်ဖျက်ရေး၊ ကေဒါခေါင်းဆောင် လုပ်နည်းလုပ်ဟန် ကြပ်မတ်ရေး၊ နိုင်ငံတော် ကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး အပါအဝင် အမြုတေကျသည့် လုပ်ငန်းတာဝန် ၇ ရပ်ကိုလည်း ချမှတ်ထားပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်က၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။

တရုတ် ကေဒါခေါင်းဆောင် သန့်စင်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက၊ ယခုအကြိမ် အစည်းအဝေးသည် တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ၏ ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးတွင် နိုင်ငံရေး ကတိခံဝန်ချက်များ ဖေါ်ဆောင်ရေးဆိုင်ရာ ယုံကြည်စိတ်ကို ပြသပြီး ပါတီ ကြီးကြပ်ရေး လုပ်ငန်းကို နက်ရှုင်းစွာ တွန်းအားပေးရန်အတွက် လမ်းစဉ်စီမံကိန်းကို ချမှတ်ထားကြောင်း သုံးသပ်ကြပါသည်။

   Webradio