• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် လမ်းပန်းဆက်သွယ်ရေးကွန်ရက် အခြေခံအားဖြင့် ဖြစ်တည်လာ

(GMT+08:00) 2016-12-30 09:52:01

တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၂၉ ရက်နေ့က တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဖွံ့ဖြိုးမှု စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။

ယင်းစက္ကူဖြူစာတမ်းသည် တရုတ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဖွံ့ဖြိုးမှုဆိုင်ရာ စက္ကဖြူစာတမ်းကို ထုတ်ပြန် ခဲ့ခြင်း ဖြစ်ပြီး တရုတ်ပြည် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး လုပ်ငန်း၏ ဖွံ့ဖြိုးမှု လမ်းစဉ်၊ တစ်ခုလုံး အခြေအနေနှင့် အနာဂတ် ဖွံ့ဖြိုးရေး စီမံကိန်းများကို ဘက်စုံ ဖေါ်ပြထားသည်။

ယင်းစက္ကဖြူစာတမ်းတွင်၊ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးခဲ့ပြီးနောက် တရုတ်နိုင်ငံတွင် အထွေထွေ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ကွန်ရက်မှာ အခြေခံအားဖြင့် ဖြစ်တည် လာပြီ ဖြစ်ကြောင်း၊ လာမည့် ငါးနှစ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၏ အရည်အချင်းကို အဆက်မပြတ် တိုးမြှင့် ရမည် ဖြစ်ပြီး လုံခြုံပြီး အဆင်ပြေသော၊ ပတ်ဝန်းကျင် ထိန်းသိမ်းပြီး စရိတ် သက်သာသော ခေတ်မီ အထွေထွေ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ကွန်ရက်ကို ထူထောင်ရမည် ဖြစ်ကြောင်း ရေးသားထားသည်။

တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အရာရှိ ယန်ချွမ်ထမ်က၊ ၂၀၁၅ ခုနှစ် နှစ်ကုန်အထိ တရုတ်ပြည်၌ မီးရထားလမ်း အရှည်မှာ ကီလိုမီတာ ၁သိန်း ၂ သောင်း ၁ ထောင်ကျော် ရှိပြီး ကမ္ဘာ့ ဒုတိယ နေရာ၌ တည်ရှိနေကြောင်း၊ မြန်နှုန်းမြင့်ရထားလမ်းမှာ ကီလိုမီတာ ၁ သောင်း ၉ ထောင် ရှိပြီး ကမ္ဘာ့ ပထမ နေရာ၌ တည်ရှိနေကြောင်း၊ အဝေးပြေး ကားလမ်းမှာ ကီလိုမီတာ ၁ သိန်း ၂ သောင်း ၄ ထောင် ရှိပြီး ကမ္ဘာ့ ပထမ နေရာ၌ တည်ရှိနေကြောင်း ပြောကြားခဲ့သည်။

   Webradio