• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နှင့် စင်ကာပူတို့ အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်

(GMT+08:00) 2016-12-16 10:30:10

ယခုလ ၁၅ ရက်နေ့တွင် ဖိလစ်ပိုင် သမ္မတ ဒူတာတယ်သည် စင်ကာပူနိုင်ငံသို့ သွားရောက် ခရီးလှည့်လည်ခဲ့သည်။ ဒူတာတယ်သည် စင်ကာပူ သမ္မတ တန်ကင်ယန်နှင့် တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက်တို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မည် ဖြစ်ကြောင်း ဖေါ်ပြကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် စင်ကာပူ သမ္မတ တန်ကင်ယန်က၊ လာမည့်နှစ်တွင် ဖိလစ်ပိုင် နိုင်ငံသည် အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ အဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ပြီး စင်ကာပူသည် ဒူတာတယ်၏ လုပ်ငန်းကို အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း၊ အရှိန်အဟုန် ကောင်းမွန်သော စီးပွါးကုန်သွယ်ရေး ဆက်ဆံမှု၊ လူမှု ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနှင့် အာဆီယံအဖွဲ့တွင် ရင်းနှီးသော မိတ်ဖက်ဆက်ဆံမှုတို့သည် နှစ်နိုင်ငံ အကြား ကောင်းမွန်သော ဆက်ဆံရေး၏ အခြေခံပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နှင့် စင်ကာပူ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများကို ဆွေးနွေးကြကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် အာဆီယံနိုင်ငံများ အနေနှင့် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် အကြမ်းဖက်မှု အပါအဝင် နိုင်ငံတကာ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရမည်ဟု ယူဆကြကြောင်း စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းပြန်တမ်းတွင် ရေးသားဖေါ်ပြထားသည်။

   Webradio