• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် တရုတ် စီးပွားရေး လုပ်ငန်း၏ အခြေခံ အနှစ်သာရကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ချမှတ်

(GMT+08:00) 2016-12-15 14:41:31

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ဒီဇင်ဘာ ၉ရက်နေ့က အစည်းအဝေး ကျင်းပခဲ့ရာ ၂၀၁၇ခုနှစ် တရုတ် စီးပွားရေး လုပ်ငန်းကို သုံးသပ် လေ့လာကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် ၂၀၁၆ခုနှစ် တရုတ် စီးပွားရေး အခြေအနေကို ပြန်လည် သုံးသပ်ပြီး ၂၀၁၇ခုနှစ် တရုတ် စီးပွားရေး လုပ်ငန်း၏ အခြေခံ အနှစ်သာရနှင့် မူဝါဒဆိုင်ရာ အစီအစဉ်များကို ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးမှ ဆွေးနွေးအတည်ပြုချက် ၄ခုရရှိခဲ့ကြောင်း၊ ပထမအချက်က ၂၀၁၆ခုနှစ်တွင် တရုတ် စီးပွားရေး တည်ငြိမ်ရှင်သန်ပြီး "၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း"မှာ ကောင်းမွန်သော အစပျိုးခြင်း ရှိကြောင်း၊ ဒုတိယ အချက် ကတော့ ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ကျင်းပမည် ဖြစ်ပြီး စီးပွားရေး လုပ်ငန်း အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိကြောင်း၊ တတိယ အချက်က ခြေလှမ်းမှန်မှန်ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲမှုတွင် အနှစ်သရရှိသည့် တိုးတက်မှုကို အလေးထားကြောင်း၊ စတုတ္ထအချက် ကတော့ the Real Economyကို ဖွံ့ဖြိုးတိုးတက်စေပြီး ငွေကြေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် ဖြစ်ကြောင်း သိရသည်။

   Webradio