• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ ဥပဒေ ပူးပေါင်းဆောင်ရွက်ရေး ကမ္ဘောဒီးယားစင်တာ ဖွင့်လှစ်

(GMT+08:00) 2016-12-09 11:07:34

တရုတ်-အာဆီယံ ဥပဒေ ပူးပေါင်းဆောင်ရွက်ရေး ကမ္ဘောဒီးယားစင်တာနှင့် တရုတ်-ကမ္ဘောဒီးယား အနုညာတ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း ဖွင့်လှစ်ပွဲ အခမ်းအနားကို ယခုလ ၈ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

ကမ္ဘောဒီးယား ဘုရင့်နိုင်ငံ မင်းသမီး ဒယ်ဗီ၊ ဒုဝန်ကြီးချုပ်၊ လွှတ်တော် ဆက်သွယ်ရေးနှင့် ကြီးကြပ်ရေး ဝန်ကြီး မန်စမ်အင်၊ တရားရေး ဝန်ကြီး အန်ဗွန်ဗာသာနာ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရှုံပိုတို့သည် အခမ်းအနားသို့ တက်ရောက် ခဲ့ကြပါသည်။

   Webradio