• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှား ငလျင်တွင် သေဆုံးသူများအတွက် ၀မ်းနည်းကြေကွဲကြောင်း တရုတ်ဖေါ်ပြ

(GMT+08:00) 2016-12-09 10:28:06
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူ့ခန်းက ၈ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် အင်ဒိုနီးရှားတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သေဆုံးသူများအတွက် တရုတ်ပြည်အနေနှင့် ၀မ်းနည်းကြေကွဲကြောင်းဖေါ်ပြပြီး အင်ဒိုနီးရှား ဘေးကယ်ဆယ်ရေး တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။ အင်ဒိုနီးရှား အချီဒေသတွင် ယခုလ ၇ရက်နေ့ နံနက်ပိုင်းက ရစ်ခ်ျတာ့စကေး ၆့၎အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ရာ ယခုအချိန်အထိ လူ ၉၇ ဦး သေဆုံးပြီး ၆၀၀ကျော် ဒဏ်ရာရရှိခဲ့သည်။
   Webradio