• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယားအစိုးရ အပစ်အခတ်ရပ်စဲရန် အနောက်တိုင်းနိုင်ငံများ ပန်ကြား

(GMT+08:00) 2016-12-08 14:14:21

      အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် ကနေဒါ ၆ နိုင်ငံတို့သည်၊ ယခုလ ၇ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ ဆီးရီးယားအစိုးရအနေနှင့်၊ ဆီးရီးယား မြောက်ပိုင်း အာလယ်ပိုမြို့အပေါ် ထိုးစစ်တိုက်ခိုက်မှုချက်ချင်းရပ်စဲရန် ပန်ကြားခဲ့ ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ပြင်သစ်နိုင်ငံ သမ္မတရုံးမှ ၇ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်၊ အဆိုပါ ပူးတွဲ ကြေညာချက်ကို ကိုးကား၍၊ ရုရှားနှင့် အီရန်တို့မှ ထောက်ခံမှုကို ရရှိသောဆီးရီးယား အစိုးရတပ်ဖွဲ့အနေနှင့်၊ စစ်ရေးဆောင်ရွက်မှုများရပ်စဲမှသာ၊ ကုလသမဂ္ဂသည်၊ အာလယ်ပို အရှေ့ပိုင်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုထားပေးစေနိုင်ကြောင်း ဖော်ပြ ခဲ့သည်ဟုသိရသည်။

 အနောက်နိုင်ငံများ၏ ယင်းလုပ်ရပ်သည်၊ လူသားချင်းစာနာထောက်ထားမှုဟူ၍ အမည်ဖြင့်၊ ဆီးရီးယားအစိုးရနှင့် ရုရှားနိုင်ငံအား ဆက်လက်ဖိအားပေးရန် ရည်ရွယ်ထား ခြင်းပင်ဖြစ်ကြောင်း လူများက ယူဆကြသည်။

   Webradio