• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၆ခုနှစ် တရုတ်-အာဆီယံ ဆက်ဆံမှုနှင့် ပတ်သက်၍ ဝမ်ယိပြောကြား

(GMT+08:00) 2016-12-06 14:19:35

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုရက်ပိုင်းအတွင်း ပီကင်းတွင် တရုတ်ပြည် နိုင်ငံတကာ ရေးရာ သုတေသန အကယ်ဒမီ၊ တရုတ် နိုင်ငံတကာ ရေးရာ သုတေသန ဖောင်ဒေးရှင်းတို့ ဦးစီးကျင်းပခဲ့သော ၂၀၁၆ခုနှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ် နိုင်ငံခြားရေး မူဝါဒ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းလည်း ပြောကြားခဲ့သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှ သတင်းအရ သိရသည်။

အိမ်နီးချင်းနိုင်ငံများ၏ဒေသ တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခြေအနေ ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ ဝန်ကြီးဝမ်ယိက ဖိလစ်ပိုင် သမ္မတ ဒူတာတယ်၏ တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် သမ္မတ ဒူတာတယ်တို့သည် နှစ်နိုင်ငံ ဆက်ဆံမှု ဘက်စုံ ကောင်းမွန်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ အရေးကြီး သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယင်းသည် တောင်ပင်လယ် ပြဿနာ ဖြေရှင်းရေးသည် တိုင်ပင်ဆွေးနွေးခြင်း လမ်းကြောင်းပေါ်သို့ ပြန်လည် တက်လှမ်းခဲ့ခြင်းကို ဖော်ပြနေကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဝမ်ယိက တရုတ်ပြည်သည် အရေးကြီး အိမ်နီးချင်း နိုင်ငံများနှင့် ကူးလူး ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ကမ္ဘော ဒီးယား နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် အောင်မြင်မှုများ ရရှိပြီး တရုတ်- ကမ္ဘောဒီးယား ချစ်ကြည်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ ဝန်ကြီးချုပ် လီခေ့ချန်၏ လာအို နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် နှစ်နိုင်ငံ အကြားရှိ မဟာဗျူဟာ ဆိုင်ရာ အပြန်အလှန် ချစ်ကြည်ရေးကို ခိုင်မြဲစေပြီး အစဉ်အလာ ချစ်ကြည်ရေးကို နက်ရှိုင်းစေကြောင်း၊ မြန်မာ အစိုးရသစ် တက်လာခဲ့သည့်နောက်ပိုင်းတွင် မြန်မာ နိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေး ခရီး ရောက်ရှိခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီးသည် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ချစ်ကြည်ရေး ခရီးရောက်ရှိခဲ့သည့် ပထမ အာဆီယံ အဖွဲ့ဝင် မဟုတ်သော နိုင်ငံသည် တရုတ်ပြည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio