• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် စံပြ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

(GMT+08:00) 2016-12-06 10:04:05

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၅ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ပြည်လုံးဆိုင်ရာ စံပြ ပုဂ္ဂလိက လုပ်ငန်းရှင် ၆၀၀ ဦးတို့နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

လီခေ့ချန်သည် ပုဂ္ဂလိကပိုင် လုပ်ငန်းများ အပါအဝင် အစိုးရပိုင် မဟုတ်သော လုပ်ငန်းများ၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် အလုပ်အကိုင်နေရာချထားရေး နယ်ပယ်များ၌ အရေးကြီး အကျိုးပြု စွမ်းဆောင်မှုများကို ချီးကျူးပြီး၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေနှင့် ဆန်းသစ်တီထွင်ပြီး လုပ်ငန်း ထူထောင်ရန်နှင့် သစ္စာရှိရှိ လုပ်ငန်း ဆောင်ရွက်ရန် မျှော်လင့်ကြောင်းလည်း မှာကြားခဲ့သည်။

လီခေ့ချန်က၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများ အပါအဝင် အစိုးရပိုင် မဟုတ်သော လုပ်ငန်းများသည် တစ်ပြည်လုံး အလုပ်အကိုင်နေရာ ၄၀ ရာခိုင်နှုန်းခန့် ဖန်တီးပေးပြီး တရုတ်ပြည် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးကြီး အင်အားစု ဖြစ်ကြောင်း၊ ပုဂ္ဂလိကပိုင် လုပ်ငန်းများ အပါအဝင် အစိုးရပိုင် မဟုတ်သော လုပ်ငန်းများသည် ဆိုရှယ်လစ် ဈေးကွက်စီးပွါးရေး၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ တရုတ်အစိုးရသည် ဥပဒေနှင့် အညီ ပုဂ္ဂလိကပိုင် လုပ်ငန်းများ၏ တရားဝင် ဓနဥစ္စာကို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ် ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio