• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရန် ဒေါ်စု ပန်ကြား

(GMT+08:00) 2016-11-24 09:03:25

     မြန်မာ မီဒီယာမှ ယခုလ ၂၃ ရက်နေ့က သတင်းအရ၊ မြန်မာ မြောက်ပိုင် မူဆယ်မြို့၌ ပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ရှိနေသေးသဖြင့် မူဆယ်မြို့တွင်းရှိ ဘဏ်နှင့် ဈေးဆိုင်များကို ၂၂ ရက်နေ့ နေ့လယ်မှစ၍ အချိန်ကန့်သတ်မှုမဲ့ တံခါးပိတ်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းတွင် ဖေါ်ပြထားသည်။

မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၃ ရက်နေ့တွင် ကြေညာစာတမ်း ထုတ်ပြန်ပြီး၊ ရှမ်းပြည်နယ် အငြင်းပွါးမှုတွင် လူသူများ သေကြေဒဏ်ရာ ရရှိမှု ဖြစ်စေခဲ့ခြင်းအပေါ် ဝမ်းနည်ကြောင်း ဖေါ်ပြသည့်အပြင် သက်ဆိုင်ရာတို့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်ပြီး ပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်ကို အစိုးရက ကြိုဆိုမြဲ ကြိုဆိုပါကြောင်းလည်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကြေညာစာတမ်းတွင်၊ ကြာရှည် ဖြစ်ပွါးခဲ့သော လက်နက်ကိုင် အငြင်းပွါးမှု အဆုံးမသတ်သည့် အကြောင်းရင်းမှာ သွက်လက် ပျော့ပျောင်းသော သဘောထားဖြင့် ဖြေရှင်းရေးနည်းလမ်းကို ရှာကြံခြင်း မရှိသောကြောင့် ဖြစ်ကြောင်း၊ အစိုးရက ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပခြင်းသည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့ ရှာကြံရန်အတွက်ပင် ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုရန် မိမိ တိုက်တွန်းလှုံ့ဆော်ကြောင်း ရေးသားထားသည်။

   Webradio