• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြစ်ဆုံစီမံကိန်း စိစစ်သုံးသပ်ရေးကော်မရှင် အစီရင်ခံစာတင်ပြ

(GMT+08:00) 2016-11-13 16:31:39

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင် အနေဖြင့် တွေ့ဆုံမေးမြန်းသင့်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံမှုများ၊ လေ့လာ စိစစ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ကော်မရှင် လုပ်ငန်းများ ကို ဆောင်ရွက်လျက်ဖြစ်သဖြင့် ယခု ပထမ အစီရင်ခံစာ တွင် သုံးသပ်ချက်များ၊ အကြံပြုချက်များ ထည့်သွင်းတင်ပြထားခြင်းမရှိသေးကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်ထံသို့ နိုဝင်ဘာ ၁၁ ရက်နေ့က တင်ပြသည့်ပထမ အစီရင်ခံစာအပေါ် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပထမအစီရင်ခံစာ တွင် ကော်မရှင်မှလေ့လာစုစည်းထားသော မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်သည့် ရေအားလျှပ်စစ်အရင်းအမြစ်များနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ၊ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများဖြစ်ပေါ်လာပုံနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့် ဆက်စပ်သော စာချုပ်စာတမ်းများ၊ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း ဆိုင်ရာ အချက်အလက်များနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များ Factual Report ကို ထည့်သွင်းဖော်ပြထားကြောင်း သတင်းအရသိရသည်။

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်သည်၊ သြဂုတ်လ ၂၂ ရက်မှ နိုဝင်ဘာလ ၈ ရက်နေ့ အထိ ကော်မရှင်၏ အစည်းအဝေးများကို ၁၁ ကြိမ် ကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး စီမံကိန်းနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများနှင့် အချက်အလက်များကို ဘကပေါင်းစုံမှ လေ့လာ စိစစ် သုံးသပ်နိုင်ရန် စုပေါင်းဆွေးနွေးခဲ့ကြကြောင်း သတင်းအရသိရသည်။

   Webradio