• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တိဗက်ကိုယ်စားလှယ်အဖွဲ့ မြန်မာ၌ ခရီး လှည့်လည်

(GMT+08:00) 2016-11-09 09:47:03

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တိဗက်ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာ ခရီးစဉ် ပြီးဆုံးပြီ ဖြစ်၍ ၄ ရက်နေ့က မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီး စတင် ခဲ့ကြောင်း၊ မြန်မာခရီးစဉ်အတွင်း မြန်မာ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြသန်းနှင့် ယဉ်ကျေးမှုနှင့် သာသနာရေး ဝန်ကြီး ဦးအောင်ကိုတို့နှင့် တွေ့ဆုံသည့်အပြင် ရန်ကုန် တိုင်းဒေသကြီးမှ လွှတ်တော်အမတ်များနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဒုဥက္ကဋ္ဌ ပင်ပါတာရှီက၊ မျက်မှောက်ကာလ၌ တိဗက် စီးပွါးရေး လျင်မြန်ပြီး ကောင်းမွန်စွာ တိုးတက် နေပြီး ပြည်သူလူထု နေထိုင်မှုဘဝ အဆက်မပြတ် ကောင်းမွန်လာကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကောင်းမွန်ပြီး တိုင်းရင်းသားများ သင့်မြတ်ဖေါ်ရွေ သွေးစည်းညီညွတ်ပါကြောင်း၊ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်နိုင်ပြီး ရပ်ရွာ အေးချမ်း သာယာပါကြောင်း၊ ယင်းတို့အားလုံး တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုနှင့် ဗဟိုအစိုးရ၏ အလေးထားမှုနှင့် ခွဲမရကြောင်း ပြောကြားသည်။

ပင်ပါတာရှီက၊ ကြာရှည်သည့်ကာလအတွင်း မြန်မာနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒ စွဲကိုင်ခြင်းကို ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံသည် ယခင်ကလိုပင် တိဗက်ရေးရာ အပါအဝင် တရုတ် အမြုတေ အကျိုးစီးပွါးနှင့် ပတ်သက်သော ကိစ္စအပေါ် တရုတ်ပြည်၏ မူရပ်တည်ချက်ကို ထောက်ခံနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဒုဥက္ကဋ္ဌ ဦးအေးသာအောင် အပါအဝင် မြန်မာ အရာရှိများက၊ တိဗက်နယ် ဖွံ့ဖြိုးရေး အောင်မြင်မှုများအပေါ် အားကျကြောင်း၊ မြန်မာနိုင်ငံသည် နှစ်နိုင်ငံပြည်သူများ၏ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးကို တန်ဖိုးထားကြောင်း၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ဆက်လက် စွဲကိုင်မည် ဖြစ်ကြောင်း၊ ချစ်ကြည်ရေး အစဉ်အလာ၊ စီးပွါးကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို တွန်းအားပေ လိုကြောင်း၊ ဥပဒေပြုရေးဌာနများအကြား ကူးလူးဖလှယ်မှု နက်ရှိုင်းလာအောင် ဆောင်ရွက် လိုကြောင်း ပြောကြားသည်။

မြန်မာခရီးစဉ်အတွင်း ပင်ပါတာရှီနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာ Skynet ရုပ်မြင်သံကြားဌာနတွင် တရုတ်-မြန်မာ ဆက်ဆံမှု၊ တိဗက်နယ် တိုးတက်ပြောင်းလဲမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ ခရီးသွား လုပ်ငန်း တိုးတက်မှု၊ လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်မှု စသည့်အကြောင်းများနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio