• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ရေတပ်သင်္ဘော ဂျကာတာ၌ ကုန်းပတ် ဧည့်ခံပွဲ ပြုလုပ်

(GMT+08:00) 2016-11-08 10:00:42

အင်ဒိုနီးရှား၌ ခရီးလှည့်လည်နေသော တရုတ် ရေတပ် ကျင့်ဟို စစ်သင်္ဘော ကုန်းပတ် ဧည့်ခံပွဲကို ၇ ရက်နေ့ညက ဂျကာတာမြို့ ဆိပ်ကမ်း၌ ပြုလုပ်ခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ တရုတ် သံရုံးမှ သံမှူးကြီး စွင်ဝေတေ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တာ့လျန် သင်္ဘော ပညာ ကောလိပ်ကျောင်း ကျောင်းအုပ်ကြီး၊ ကျင့်ဟို လေ့ကျင့်သင်္ဘော ကွပ်ကဲသူ ဗိုလ်ချုပ် ယန်ကျင့်မင်နှင့် သင်္ဘောမှ စစ်မှုထမ်းများ၊ အင်ဒိုနီးရှား ရေတပ်မှ ဗိုလ်ချုပ် အယ်ဒီနှင့် ဒေသခံ တရုတ် အနွယ်ဖွားများ၊ တရုတ်လုပ်ငန်းကုမ္ပဏီမှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၅၀၀ ခန့်တို့သည် ဧည့်ခံပွဲသို့ တက်ရောက်ကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

သံမှူးကြီး စွင်ဝေတေက၊ ကျင့်ဟို သင်္ဘောသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်က အရှေ့ဂျာဗာ စူးရာဗာယာသို့ ရှေ့ဆင့်နောက်ဆင့် ခရီးလှည့်လည်ခဲ့ဖူးကြောင်း၊ ယင်းသည် ပထမဆုံးအအကြိမ်အဖြစ် ဂျကာတာသို့ ခရီးလှည့်လည်ခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၆၀၀ ကျော်တုန်းကပင် တရုတ် ပင်လယ်ခရီးသွား ပုဂ္ဂိုလ်ကြီး ကျင့်ဟိုသည် သင်္ဘောအုပ်စု ဦးဆောင်ပြီး အင်ဒိုနီးရှားသို့ ရောက်ခဲ့ဖူးကြောင်း ပြောကြားသည်။

   Webradio