• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ပဉ္စမ အကြိမ် တရုတ်-အလယ်အရှေ့ဥရောပ ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်းပြောကြား

(GMT+08:00) 2016-11-07 08:52:17

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ၅ ရက်နေ့က ဂါရီမြို့၌ ပဉ္စမ အကြိမ် တရုတ်- အလယ်အရှေ့ဥရောပ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ ၁၆+၁ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နှင့် အလယ်အရှေ့ဥရောပ နိုင်ငံများ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆန်းသစ် ဆောင်ရွက်မှု ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်နှင့် ၁၆ နိုင်ငံတို့သည် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် ခိုင်မာလာပြီး နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု ထိရောက်စွာ တိုးတက်လာကာ သက်ညှာထောက်ထားပြီး အပြန်အလှန် အကျိုးရှိစေသော အမျိုးအစားသစ် မိတ်ဖက်ဆက်ဆံမှုမှာ အဆက်မပြတ် တိုးမြင့်လာကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ ၁၆+၁ ပူးပေါင်းဆောင်ရွက်မှုတွင် စီးပွါးရေး ဂလိုဘယ်လေဇေးရှင်း ဦးတည်ချက်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ စီးပွါးရေး ဂလိုဘယ်လေဇေးရှင်းနှင့် ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်ရေးသည် လွန်ခဲ့သည့် နှစ်ဆယ်ပေါင်းများစွာအတွင်း ကမ္ဘာ့ စီးပွါးရေး လျင်မြန်စွာ တိုးတက်ရေးဆိုင်ရာ အရေးကြီး အင်အား ဖြစ်ပြီး နိုင်ငံအသီးသီးတို့၏ ရေရှည် အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီပါကြောင်း ပြောကြားသည်။

လီခေ့ချန်သည် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက် လေးရပ်ကို တင်ပြကြောင်း၊ ယင်းတို့သည် အခြေခံ အဆောက်အအုံနှင့် အပြန်အလှန် ဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ငွေကြေး ပူးပေါင်းဆောင်ရွက်မှု၏ အထောက်အကူ အခန်းကဏ္ဍ ဖြစ်ထွန်းစေရန်၊ မြစိမ်းရောင် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာကို တိုးချဲ့ရန်နှင့် ယဉ်ကျေးမှု၊ လူမှုရေး နယ်ပယ်မှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တဆင့်တိုး မြင့်တက်စေရန်တို့ ဖြစ်ကြောင်း သိရပါသည်။

   Webradio