• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချန်ကျင်း အမှတ်၅ သယ်ဆောင်ဒုံးပျံ အောင်မြင်စွာ လွှတ်တင်

(GMT+08:00) 2016-11-04 15:05:11

၃ရက်နေ့ ည ၈နာရီ ၄၃မိနစ်အချိန်တွင် တရုတ်ပြည်သည် ဝင်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်း၌ ချန်ကျင်း အမှတ်၅ သယ်ဆောင်ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် အောင်မြင်စွာ လွှတ်တင်ခြင်းသည် တရုတ် သယ်ဆောင်ဒုံးပျံ အဆင့်တိုး မြင့်ရေး အကောင်အထည်ဖော်ပြီး သယ်ဆောင်နိုင်စွမ်း ခေတ်မီနိုင်ငံတကာအဆင့်သို့ ရောက်ရှိနေခြင်းကို ဖော်ပြနေကြောင်း၊ ယင်းသည် တရုတ်ပြည် အနေနှင့် အာကာသ လုပ်ငန်း ဆိုင်ရာ နိုင်ငံကြီးမှ အာကာသ လုပ်ငန်း ထွန်းကားသည့် နိုင်ငံ အဖြစ် ပြောင်းလဲရန် သော့ချက်ကျသော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ခြင်း ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ချန်ကျင်းအမှတ်၅ သယ်ဆောင်ဒုံးပျံ လုပ်ငန်း ကွပ်ကဲရေးမှူး ဝမ်ယွိက ချန်ကျင်း အမှတ်၅တွင် တရုတ် အာကာသ သယ်ဆောင်ရေး နယ်ပယ်မှ အခေတ်မီဆုံး နည်းပညာ အောင်မြင်မှုများ ရှိကြောင်း ပြောကြားသည်။

တရုတ် နိုင်ငံတော် ကာကွယ်ရေး သိပ္ပံနည်းပညာနှင့် စက်မှုလုပ်ငန်း ဌာန အင်ဂျင်နီယာချုပ် ထျန်ယိလုံးက တရုတ်ပြည်သည် အကြီးစား သယ်ဆောင် ဒုံးပျံ တီထွင်ထုတ်လုပ်မှု လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်၊ အနာဂတ်တွင် အမြုတေ နည်းပညာများစွာတွင် တီထွင်ဆန်းသစ်မှု ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio