• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၃၀ တရုတ် ကျန်းမာရေးစီမံကိန်း လုပ်ငန်းစဉ် ထုတ်ပြန်

(GMT+08:00) 2016-10-27 09:19:12

မကြာမီက တရုတ်အစိုးရသည် ၂၀၃၀ ပြည့်နှစ် ကျန်းမာရေး စီမံကိန်း လုပ်ငန်းစဉ်ကို ထုတ်ပြန် ခဲ့သည်။ ယင်းစီမံကိန်းတွင်၊ ၂၀၃၀ ပြည့်နှစ် ရောက်သည့်အခါ တရုတ်ပြည်၏ အဓိက ကျန်းမာရေးဆိုင်ရာ စံချိန်စံနှုန်းများသည် ဝင်ငွေများ နိုင်ငံများ စာရင်းတွင် ဝင်ရောက်မည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ပျမ်းမျှ သက်တမ်းမှာ လက်ရှိအချိန်ထက် ၃ နှစ် တိုးမည် ဖြစ်ပြီး သက်တမ်း ၇၉ နှစ်အရွယ်အထိ ရှိမည် ဖြစ်ကြောင်း၊ အစဉ်တစိုက် ကျန်းမာရေး လေ့ကျင့်သူ ဦးရေမှာ ၂၀၁၄ ခုနှစ်က သန်း ၃၆၀ ရှိရာမှ သန်း ၅၃၀ အထိ တိုးများမည် ဖြစ်ကြောင်း၊ ဆေးဝါး မဟုတ်သော တိုင်းရင်းဆေးပညာ ကုသရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ရေးသားထားသည်။

ယင်းစီမံကိန်းလုပ်ငန်းစဉ်တွင်၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ မြို့ပြ လေထု အရည်အသွေးကောင်းနှုန်းမှာ ၈၀ ရာခိုင်နှုန်းအထိ ရှိမည် ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် ရောက်လျှင် ဆက်လက် ကောင်းမွန်မည် ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် ရောက်သည့်အခါ အစားအစာ အန္တရာယ် ကင်းရှင်းမှု တိုင်းတာကြပ်မတ်ရေးစနစ် ကွန်ရက်ကို တစ်ပြည်လုံး၌ ဖြစ်တည်သွားမည် ဖြစ်ကြောင်းလည်း တင်ပြထားသည်။

ထို့ပြင် နာတာရှည်ရောဂါကို ကုသ ကာကွယ်ရန်အတွက် ယင်းစီမံကိန်း လုပ်ငန်းစဉ်တွင်၊ ဆေးဝါး မဟုတ်သော တိုင်းရင်းဆေးပညာ ကုသနည်း ဖွံ့ဖြိုးလာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် ရောက်သည့်အခါ ပြင်းထန်သော နာတာရှည်ရောဂါဖြင့် စောလွန်းစွာ သေဆုံးမှုနှုန်းမှာ ၂၀၁၅ ခုနှစ်ကထက် ၃၀ ရာခိုင်နှုန်း လျော့နည်းစေရမည် ဖြစ်ကြောင်းလည်း တင်ပြထားသည်။

   Webradio